နေပြည်တော် ၁၇ မတ်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် Green Economy Green Growth - GEGG Myanmar ၏ Founder and Honorable Patron ဒေါက်တာနေထွန်းကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် GEGG Myanmar မှ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းအကောင်အထည်ဖော်မည့် Myanmar Green Resource Institute (MGRI) တည်ထောင်ရေး၊ မြို့ပြသဘာဝဥယျာဉ် (Urban Natural Park) ၌ သဘာဝသစ်တောသစ်ပင်များ၊ ရှားပါး၍ မျိုးဆက်ပျက်သုဉ်းလုဆဲအပင်များ၊ ဝါးမျိုးစိတ်များနှင့် ပန်းများထည့်သွင်းစိုက်ပျိုးရေး၊ ငှက်၊ လိပ်ပြာနှင့် အင်းဆက်များ၏ သဘာဝနေရင်းဒေသ ထိန်းသိမ်းရေးလုပ်ငန်းများကို ပြည်သူအစုအဖွဲ့အခြေခံ၍ ဆောင်ရွက်ရေး၊ MGRI ကို အထောက်အကူပြုမည့် Centre ၆ ခု တည်ထောင်ရေး၊ တစ်ခုချင်းစီအလိုက် ဆောင်ရွက်မည့်လုပ်ငန်း၊ သုတေသနဆောင်ရွက်နိုင်မည့် အစီအစဉ်နှင့် မြေနေရာငှားရမ်းရရှိရေးတို့ကို ဆွေးနွေးကြသည်။
သတင်းစဉ်


