နေပြည်တော် ၆ သြဂုတ်

 


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဂျပန်နိုင်ငံ ဖူကူအိုကာမြို့ ဒုတိယမြို့တော်ဝန် Mr. Eiichi NAKAMURA နှင့် အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

္ငျိစး


တွေ့ဆုံစဉ် ဆွေးနွေးရာတွင်ဂျပန်နိုင်ငံ ဖူကိုအိုကာမြို့နှင့် ရန်ကုန်မြို့တို့အကြား ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်ဆက်ဆံရေး တိုးမြင့်လာစေရန်၊ တိရစ္ဆာန်များကို မူရင်းဒေသ မဟုတ်သောနေရာတွင် ထိန်းသိမ်းခြင်းနှင့် မူရင်းဒေသတွင် ထိန်းသိမ်းခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ရန်အတွက် တိရစ္ဆာန်လဲလှယ်ရေးအစီအစဉ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် တိရစ္ဆာန်များ ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ MOU ကို ဂျပန်နိုင်ငံ၊ ဖူကူအိုကာတိရစ္ဆာန်ဥယျာဉ်နှင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တို့အကြား လက်မှတ်ရေးထိုး အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်း၊ မြန်မာနိုင်ငံရှိဆင်ဆေးရုံအတွက် ဆေးဝါး၊ ဆေးပစ္စည်းကိရိယာ၊ နည်းပညာအကူအညီပံ့ပိုးပေးနိုင်သည့် အခြေအနေ၊ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်တို့နှင့် စပ်လျဉ်း၍ အမြင်ခြင်းဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။ 

 


သတင်းစဉ်