ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ကမ္ဘာ့ကုလသမဂ္ဂ သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးသဘောတူညီချက် အဖွဲ့ဝင်နိုင်ငံများအစည်းအဝေး တက်ရောက်

နေပြည်တော် ၁၁ စက်တင်ဘာ 

ကမ္ဘာ့ကုလသမဂ္ဂ သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးသဘောတူညီချက် (၁၄)ကြိမ်မြောက် အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေး၏ အဆင့်မြင့်အစည်းအဝေး တက်ရောက်ရန် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ရောက်ရှိနေသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် စက်တင်ဘာ ၈ ရက် ညနေပိုင်းတွင် ဝန်ကြီးအဆင့် အထူးအစည်းအဝေးသို့ တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

88

 

အဆိုပါ ဝန်ကြီးအဆင့် အထူးအစည်းအဝေးပွဲတွင် သဲကန္တာရဖြစ်ထွန်းမှုနှင့် မြေ အဆင့်အတန်းလျော့ကျမှု တားဆီးကာကွယ်ရေးအတွက် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား အရင်းအမြစ်များ၊ နည်းပညာနှင့် အတွေ့အကြုံဗဟုသုတဖလှယ်ရေး၊ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနည်းလမ်းများကို အမြင်ခြင်းဖလှယ် ဆွေးနွေးကြသည်။

ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၉ ရက်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ India Expo Center ၌ ကျင်းပသည့် ကမ္ဘာ့ကုလသမဂ္ဂ သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးသဘောတူညီချက် အဖွဲ့ဝင်နိုင်ငံများ၏ ၁၄ ကြိမ်‌မြောက် ညီလာခံ အဆင့်မြင့်အစည်း အဝေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး သည် မြေသယံဇာတ၊ ရာသီဥတုနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် စားပွဲဝိုင်းအစည်း အဝေးနှင့် ကောင်းမွန်သော မြေသယံဇာတ၊ ကျန်းမာသောလူထု ခေါင်းစဉ်ဖြင့် ကျင်းပပြု လုပ်သည့် အပြန်အလှန်ဆွေးနွေးဖလှယ်ခြင်း Interactive Dialogue ဆွေးနွေးပွဲတို့ကို ပါဝင်တက်ရောက်ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၁၀ ရက်တွင် ကိုရီးယားသမ္မတနိုင်ငံမှ ဉီးဆောင်၍ သစ်တောနှင့် ငြိမ်းချမ်းရေးဆက်စပ်မှု ပဏာမခြေလှမ်း ခေါင်းစဉ်ဖြင့် ကျင်းပသော High Level Luncheon သို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်