နေပြည်တော် ၃၀ ဇန်နဝါရီ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Bhim K.Udas အား ယနေ့နံနက် ၁၁ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နီပေါနိုင်ငံ ခတ္တမန္ဒူမြို့၌ ဧပြီလအတွင်း ကျင်းပရန်ရှိသည့် ကမ္ဘာလုံး ဆိုင်ရာ ရာသီဥတုပြောင်းလဲမှု၊ တောင်တန်းများနှင့် အနာဂတ်လူ့ဘောင် ညီလာခံ (Sagarmatha Sambadd – A Global Dialogue) ကျင်းပမည့် အစီအစဉ်များ၊ မြန်မာ နိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆောင်ရွက်မှု၊ ဟင်ဒူ-ကတ်ရှ်-ဟိမဝန္တာ တောင်တန်းဒေသတစ်လျှောက်ရှိ နိုင်ငံများနှင့် ဖွဲ့စည်းထားသည့် အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (International Centre for Integrated Mountain Develpment – ICIMOD) နှင့် ပူးပေါင်း ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်