နေပြည်တော် ၃၁  ဇန်နဝါရီ 


သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး H. E. Mr. Kristian Schmidt နှင့် ယနေ့နံနက် ၁၀ နာရီတွင် ဝန်ကြီးရုံးဧည့်ခန်းမ၌ တွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မအစီအစဉ်တို့ကို ထုတ်ပြန်နိုင်ရေး၊ မြန်မာနိုင်ငံအတွင်း ပလပ်စတစ် ညစ်ညမ်းမှုများ ဖြေရှင်းနိုင်ရေးအတွက် ဥရောပသမဂ္ဂ၏ ကူညီပံ့ပိုးမှုကို ရယူနိုင်ရေး၊ အိုင်ချီ ၂၀၂၀ ရည်မှန်းချက် နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံသည် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိပြီး ရည်မှန်းချက်များ အချိန်မီပြီးမြောက် အောင်မြင်နိုင်ရေးတို့ကို ဆွေးနွေးကြသည်။ 


(သတင်းစဉ်)