နေပြည်တော် ၂၄ မတ်

 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် အာရှဖွံ့ဖြိုးရေးဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ Country Director Mr. Newin Sinsiri နှင့်အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ကမ္ဘာနှင့်အဝှမ်း ကူးစက်ပျံ့နှံ့လျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ COVID-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် သုံးစွဲရန် လိုအပ်သည့်ဆေးဝါးများနှင့် ကျန်းမာရေးဆိုင်ရာ ပစ္စည်းကိရိယာများ ဝယ်ယူနိုင်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ အရေးပေါ်ချေးငွေ ပံ့ပိုးပေးနိုင်မည့် အခြေအနေများ၊ ယင်းကိစ္စ ရပ်များနှင့်စပ်လျဉ်းသည့် ပစ္စည်းဝယ်ယူရေး ကိစ္စရပ်များတွင် လုပ်ငန်းလျင်မြန်စေရန် အာရှဖွံ့ဖြိုးရေးဘဏ်က ပံ့ပိုးကူညီပေးနိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။  

 

သတင်းစဉ်