နေပြည်တော်  ၅   ဒီဇင်ဘာ

 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် စင်ကာပူသမ္မတနိုင်ငံ ဝန်ကြီးချုပ်ရုံးဝန်ကြီးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနဆိုင်ရာ တွဲဖက်ဝန်ကြီး Ms. Indranee Rajah နှင့် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး Ms. Vanessa Chan နှင့်အဖွဲ့အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် အခြေခံအဆောက်အဉီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စင်ကာပူနိုင်ငံ အခြေစိုက်  Infrastructure Asia မှ ဆောင်ရွက်နေသည့် အခြေအနေ၊ မြန်မာနိုင်ငံအနေဖြင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများ (Public-Private Partnership projects) အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် နည်းပညာလိုအပ်ချက်၊ အရင်းအနှီးလိုအပ်ချက်၊ အတွေ့အကြုံ လိုအပ်ချက် စသည်တို့အတွက် ကူညီပံ့ပိုးဆောင် ရွက်ပေးနိုင်မည့်အခြေအနေ၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် Project Bank တည်ထောင်၍ ဆောင်ရွက်မှုများအတွက် စင်ကာပူနိုင်ငံမှ အကူအညီပေးအပ်နိုင်မည့်ကိစ္စ၊ မြန်မာနိုင်ငံ၏စက်မှုကဏ္ဍတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု အလားအလာများအား ဆွေးနွေးခဲ့ကြသည်။   

 

(သတင်းစဉ်)