နေပြည်တော် ၁  မတ် 


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ယနေ့ မွန်းတည့် ၁၂ နာရီတွင် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့် စင်ကာပူသံရုံး ဒုတိယအကြီးအကဲ သံမှူး Mr. Koh Chee Chain အား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 

1


ထိုသို့တွေ့ဆုံစဉ် စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ဘဏ်လုပ်ငန်း ဆိုင်ရာနှင့် အခွန်ဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ 


(သတင်းစဉ်)