နေပြည်တော် ၁၀ စက်တင်ဘာ 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ဂျပန်နိုင်ငံ Tsuyatomo Co., Ltd. ၏ President Mr. Yoshihiro Oguri ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် အမှတ်(၁) အထည်စက်ရုံ(ရွှေတောင်)ရှိ ဆေးဆိုးနှင့် အချောကိုင်ဌာနတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်ရုံတွင် Japan International Cooperation Agency – JICA ကူညီထောက်ပံ့မှုဖြင့် သင်တန်းများ ဖွင့်လှစ်လျက်ရှိသည့် အခြေအနေများနှင့် ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံသို့ဖိတ်ခေါ်၍ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။ 

သတင်းစဉ်