နေပြည်တော် ၄ ဖေဖော်ဝါရီ 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် မြန်မာ၊ ထိုင်းနှင့် ဘရူနိုင်းနိုင်ငံဆိုင်ရာ ဗြိတိန်ကုန်သွယ်ရေးသံမှူး  Mr. Paul Scully MP အား ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ ဗြိတိန်နိုင်ငံအစိုးရ Department for International Development (DFID) မှ ပံ့ပိုးကူညီပေးလျက်ရှိသည့် အခြေအနေ၊ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးကဏ္ဍ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများအား ဆွေးနွေးကြသည်။  

တွေ့ဆုံပွဲသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဉီးဆက်အောင်နှင့် ဒေါက်တာမင်းရဲပိုင်ဟိန်း၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Dan Chugg, Head of DFID, Mr. Rurik Marsden နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

သတင်းစဉ်