နေပြည်တော် ၁၁ ဖေဖော်ဝါရီ
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဒေါက်တာ အောင်သိန်းဦးနှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် တည်ဆဲစက်မှုဆိုင်ရာ မူဝါဒများကို ပြန်လည်သုံးသပ်၍ ခေတ်စနစ်နှင့် လျော်ညီသော မူဝါဒသစ်တစ်ရပ် ပြန်လည်ပြင်ဆင်ရေးဆွဲနိုင်ရေး၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဘောင်တစ်ရပ်ရေးဆွဲပြီး မဟာဗျူဟာ ချမှတ်၍ အစီအမံများ ရေးဆွဲအကောင်အထည်ဖော်နိုင်ရေး၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရေး၊ နိုင်ငံပိုင် စက်ရုံများအား PPP အစီအစဉ်ဖြင့် ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းမည့် စီမံကိန်းများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
သတင်းစဉ်