နေပြည်တော် ၁၉ စက်တင်ဘာ 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်)ကူမား အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ၊ ဘဏ်လုပ်ငန်းဆိုင်ရာများ၊ အကောက်ခွန်နှင့် အခွန်ဆိုင်ရာများ၊ အိန္ဒိယနိုင်ငံ၏ အကူအညီ ဖြင့်ဆောင်လျက်ရှိသော စီမံကိန်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

(သတင်းစဉ်)