နေပြည်တော် ၃  ဖေဖော်ဝါရီ 


စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး မစ္စတာ လီကွတ်ဝ်သွမ် အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံရှိ စက်မှုဇုန်များတွင် ရင်းနှီးမြှုပ်နှံလိုသည့်ကိစ္စ၊ ရန်ကုန်စတော့အိတ်ချိန်း၊ Microfinance နှင့် ဘဏ်လုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံလိုသည့်ကိစ္စ၊ ရင်းနှီးမြှုပ်နှံမှုများနှင့်စပ်လျဉ်းသည့် အခွန်ဆိုင်ရာကိစ္စ၊ နှစ်နိုင်ငံအကြား ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)