နေပြည်တော်  ၁၁  ဖေဖော်ဝါရီ

 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် မြန်မာ နိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး မစ္စတာ တင်မ် အန်ဒါလင်  အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဆွစ်ဇာလန်နိုင်ငံ၊ ဘန်းမြို့၌ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၁၈ ရက်မှ ၂၁ ရက်အတွင်း ကျင်းပမည့် United Nations World Data Forum 2020 (UNWDF) အခမ်းအနားနှင့် စပ်လျဉ်း၍ အိမ်ရှင်အဖြစ်ကျင်းပမည့် ဆွစ်ဇာလန် ဖက်ဒရေးရှင်းက Road to Bern အစီအစဉ် ပြုလုပ်မည်ဖြစ်ရာ ယင်းအစီအစဉ်တွင် မြန်မာနိုင်ငံမှ ပူးပေါင်းပါဝင်နိုင်ရေးနှင့် တင်ပြဆွေးနွေးနိုင်မည့်ကိစ္စ၊ မြန်မာနိုင်ငံက ဆောင်ရွက်နေသည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွင် ပါရှိသည့် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု အားကောင်းရေး Strategic Action Plan ဆိုင်ရာကိစ္စ၊ ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ၏ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ် အကောင်အထည် ဖော်မှုဆိုင်ရာ အောင်မြင်နေမှု၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်၏ Strategic Action Plan တွင် ဘဏ္ဍာရေးနှင့် အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ ဘတ်ဂျက် ပွင့်လင်းမြင်သာမှုနှင့် ကြွေးမြီစီမံခန့်ခွဲမှု အစီအစဉ်များဖြင့် ဟန်ချက်ညီစွာ ပေါင်းစပ်ဆောင်ရွက်နေမှု အခြေအနေများ၊ ဆွစ်ဇာလန်နိုင်ငံ၏ အခွန်စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

 

(သတင်းစဉ်)

 

mdn