နေပြည်တော်  ၁၀   ဖေဖော်ဝါရီ 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး Mrs. Hana Mottlova အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဖွံ့ဖြိုးမှုအကူအညီပေးရေးနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာကိစ္စ၊ ဘဏ္ဍာရေးနှင့် အခွန်အကောက်ဆိုင်ရာကိစ္စ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအား ပုဂ္ဂလိကသို့ လွှဲပြောင်းပေးရေး လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။ 

(သတင်းစဉ်)