နေပြည်တော်  ၁၉  ဇွန်  


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံသံအမတ်ကြီး  Mr. Lee Sang-hwa အား ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

1

 


တွေ့ဆုံစဉ် မြန်မာ-ကိုရီးယား နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စ၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စ၊ အာမခံလုပ်ငန်းဆိုင်ရာ ကိစ္စ၊ ကိုရီးယားနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


(သတင်းစဉ်)