နေပြည်တော် ၁၂ စက်တင်ဘာ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီး Ms. Riikka Laatu အား ယနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ဖင်လန် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ၊ သဘာဝပတ်ဝန်းကျင်နှင့် အရင်းအမြစ်များ စီမံခန့်ခွဲရေးကဏ္ဍ၊ ပညာရေးကဏ္ဍနှင့် လျှပ်စစ်စွမ်းအင်ကဏ္ဍ နှစ်နိုင်ငံ ဆွေးနွေးပွဲများ နှစ်စဉ်ကျင်းပလိုခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
သတင်းစဉ်


