ရန်ကုန်   ၂  ဩဂုတ် 


စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)၏ ဘဏ်၏ ပြည်တွင်းငွေကြေးဈေး ကွက်နှင့် ပြည်ပငွေကြေး ဈေးကွက်တွင် Bloomberg ၊ Refinitive IT နည်းပညာဖြင့် ပြည်ပ ဈေးကွက်သို့ ဘဏ်မှ ချိတ်ဆက်ဆောင်ရွက်နေမှု၊ ပို့ကုန်သွင်းကုန်ကုန်သွယ်မှုချေးငွေ ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်နေမှု၊ နေ့စဉ် မြန်မာကျပ်နှင့် နိုင်ငံခြားငွေလဲလှယ် ရောင်းချပေးသည့် FX Market လုပ်ငန်းများ၊ မြန်မာကျပ်ဖြင့် Treasury Bills ၊ Treasury Bonds ဆောင်ရွက်မှု၊ ပြည်တွင်းဘဏ်များအကြား နိုင်ငံခြားငွေလဲလှယ်ရောင်းချခြင်း၊ ဘဏ်အချင်းချင်း ချေးငွေထုတ်ချေးခြင်း (Bilateral Interbank Lending)၊ နိုင်ငံခြား ငွေမာ ငွေကြေးအား အာမခံရယူ၍ ကာလတို မြန်မာကျပ်ချေးငွေထောက်ပံ့ခြင်း၊ စာရင်းပိုထုတ်ချေး ငွေ၊ ကာလတိုချေးငွေ၊ နှစ်လတ်နှင့် နှစ်ရှည် စီမံကိန်းချေးငွေများထုတ်ချေးခြင်းတို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်နှင့်အညီ ဆုံးရှုံးနိုင်ခြေမရှိအောင်စီမံခန့်ခွဲမှု အဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။


ထို့နောက် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ ဉီးဆောင်ညွှန်ကြားရေးမှူး ဒေါ်ချယ်ရီလွင်က ဘဏ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့မှုအပေါ်  ပြည်ထောင်စုဝန်ကြီးက ပြည်ပ နိုင်ငံခြားငွေကြေးဈေးကွက်လုပ်ငန်းကို ယခုထက်ပိုမိုတိုးမြှင့်ဆောင်ရွက် နိုင်ရေးအတွက် လေ့လာထားရန်၊ ချေးငွေများတွင် Non-Performing Loan (NPL) ကျဆင်းရေး ဆောင်ရွက်ရန်တို့ကိုမှာကြားခဲ့ပြီး မွန်းလွဲ ၁ နာရီတွင် ပြန်လည်ထွက်ခွာကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်