နေပြည်တော် ၁၀ ဒီဇင်ဘာ

 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ဒီဇင်ဘာ()ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်ရှိ အမှတ်() အထည်စက်ရုံသို့ ရောက်ရှိပြီး စက်ရုံမှူးက စက်ရုံသမိုင်းအကျဉ်း၊ စက်ရုံလည်ပတ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ဆေးဆိုးနှင့် အချောကိုင်ဌာနတွင် ဂျပန်နိုင်ငံ၊ Tsuyatomo Co., Ltd. နှင့် အကျိုးတူဖက်စပ် ဆောင်ရွက်ရန်ရှိသည့် အခြေအနေများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် JICA ၏ ကူညီထောက်ပံ့မှုဖြင့် သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိသည့် အခြေအနေနှင့်ဝန်ထမ်းရေးရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန()ခု ပူးပေါင်းခြင်းသည် ကျစ်ကျစ်လစ်လစ်ဖြင့် လုပ်ငန်းတာဝန်များကို မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ယခင်အတိုင်း ကြိုးစားဆောင်ရွက်သွားရန်သာလိုကြောင်း၊ မိမိထုတ်ကုန်ပစ္စည်းများကို ဈေးကွက်ပိုမိုရရှိအောင် စီမံဆောင်ရွက်ရန်လိုကြောင်း၊ အကျိုးတူဖက်စပ် ဆောင်ရွက်နိုင်ရေးကိုလည်း မြန်မြန်ဆန်ဆန် အောင်မြင်မှုရရှိအောင် ဝိုင်းဝန်းဆောင်ရွက်ရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်နှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များကို ပြည့်ပြည့်ဝဝ အသုံးချရန် တို့ကိုမှာကြားပြီး စက်ရုံအတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် စက်ရုံမှထွက်ရှိသော စွန့်ပစ်ရေများ သန့်စင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ်()စက်မှု သင်တန်းကျောင်း (ဆင်တဲ)သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမတွင် ကျောင်းအုပ်ကြီးက သင်တန်းများ ဖွင့်လှစ်နေမှုအခြေအနေ၊ သင်တန်းဆိုင်ရာ ကိစ္စရပ်များ၊ ကာလတို သင်တန်းများ၊ စက်မှုနှင့့််အသက်မွေးပညာ ရွေ့လျားသင်တန်းများ ဖွင့်လှစ်ခဲ့မှု အခြေအနေနှင့် ဝန်ထမ်းရေးရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက်မှုလုပ်ငန်းများအတွက် ကျွမ်းကျင်လုပ်သားများကို အရေအတွက်များများ မွေးထုတ်ပေးရန်၊ အမှန်တကယ် ကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့်သင်ကြားပေးရန်၊ သင်တန်သားများ ပိုမိုလက်ခံသင်ကြားပေးနိုင်ရေး စီမံဆောင်ရွက်ရန်၊ သင်ထောက်ကူပစ္စည်းများကိုလည်း ပိုမိုပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ရန်၊ သင်တန်းသားများ သင်တန်းပြီးဆုံးပါက ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်သည်အထိ ဦးတည်လေ့ကျင့်ပေးရန်၊ ခေတ်နှင့်အညီ တိုးတက်ဖြစ်ထွန်းနေသော နည်းပညာသစ်များကို လေ့ကျင့်သင်ကြားပေးနိုင်ရန်၊ Training of Trainer(ToT) သင်တန်းများဖွင့်လှစ်ရန်၊ သင်တန်းသားများအား အခြေခံကျွမ်းကျင် လုပ်သားများမှ တစ်ဆင့်မြင့်နည်းပညာရှင်များအဖြစ်သို့ အဆင့်ဆင့်ပေါင်းကူး လေ့ကျင့်သင်ကြားပေးနိုင်ရေး စီမံထားရှိရန်တို့ကို မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းသား/သူများနှင့် တွေ့ဆုံ၍ နိုင်ငံ၏ အနာဂတ်သည် လူငယ်လူရွယ်များ၏ လက်ထဲတွင်ရှိ၍ သင်တန်းကျောင်းမှ သင်ကြားပြသမှုများကို ကြိုးစားသင်ယူကြရန်၊ အောင်မြင်မှုရရှိရန်နှင့် မိမိဘဝတိုးတက်မြင့်မားအောင် မိမိတို့ကိုယ်တိုင် ကြိုးစားအားထုတ်ကြရမည် ဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်ရှိ အမှတ်(၁၆) အကြီစားစက်ရုံ (ဆင်တဲ)နှင့် အမှတ်(၂၃) အကြီးစားစက်ရုံ (ညောင်ခြေထောက်)တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များနှင့် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်