နေပြည်တော်  ၂၄   ဖေဖော်ဝါရီ  


စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ထိုင်းနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ Neighbouring Countries Economic Development Cooperation Agency (NEDA) ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ လက်ခံတွေ့ဆုံသည်။

 

a

 


တွေ့ဆုံစဉ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် NEDA တို့အကြား  Loan Agreement on Third GMS Sub-region Corridor Towns Development Project (Water Supply and Solid Waste Management in Myawaddy) သဘောတူစာချုပ် လက်မှတ်ရေးထိုးရေးဆိုင်ရာကိစ္စ၊ မြောက်ဉက္ကလာပနှင့် မြောက်ဒဂုံမြို့နယ်တို့တွင် ဆောင်ရွက်မည့် The Power System Development in Yangon City Project ကိစ္စ၊ ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမည့်ကိစ္စ၊ မြန်မာ-ထိုင်း နယ်စပ်ဂိတ် (ထီးခီး-ဖူနာရွန်)အကြား ဆက်သွယ်ထားသည့် နှစ်လမ်းသွား ကားလမ်းဖောက်လုပ်ရေးစီမံကိန်းဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။ 

(သတင်းစဉ်)