နေပြည်တော် ၃  ဖေဖော်ဝါရီ

 

အမျိုးသားမြို့ပြမူဝါဒရေးဆွဲရေး ကော်မတီအစည်းအဝေး (၁/၂၀၂၀)ကို  ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီး ဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် သက်ဆိုင်ရာ ဝန်ကြီး ဌာနများမှ  ဒုတိယဝန်ကြီးများ၊  အမျိုးသားလွှတ်တော်နှင့်  ပြည်သူ့လွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊   အမြဲတမ်းအတွင်းဝန်များ၊  ညွှန်ကြားရေးမှူးချုပ်များ၊  ဒုတိယ အမြဲတမ်းအတွင်းဝန်များ၊  ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊မိတ်ဖတ်အဖွဲ့အစည်းမှ   ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ကမ္ဘာ့နိုင်ငံအသီးသီးတွင် Habitat III ညီလာခံမှသဘောတူညီခဲ့သည့် New Urban Agenda လုပ်ငန်းစဉ်အရ National Urban Policy ရေးဆွဲခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်နေသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း အမျိုးသားမြို့ပြ မူဝါဒချမှတ်နိုင်ရေးအတွက်   ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုး ရေး ဦးစီးဌာနနှင့် UN-Habitat တို့ ပူးပေါင်းပြီး National Urban Policy Program (NUPP) အစီ အစဉ် (၂၀၁၇-၂၀၂၀) ကိုကိုရီးယားနိုင်ငံ၏ အထောက်အပံ့ဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်း။

 

မြန်မာနိုင်ငံ၏ အမျိုးသားမြို့ပြမူဝါဒကိုအစိုးရမှ ဦးဆောင်၍ ချမှတ်အကောင်အထည်ဖော် သွားနိုင်ရန်အတွက် “အမျိုးသားမြို့ပြမူဝါဒရေးဆွဲရေးကော်မတီ” “(National Urban Committee-NUC ) ” ကိုလည်းပြည်ထောင်စုအစိုးရအဖွဲ့၏   အမိန့်ကြော်ငြာစာအမှတ် ၆၂/၂၀၁၉ ဖြင့် အဖွဲ့ဝင် (၂၄) ဦးဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း။    

 

National Urban Committee   ဖွဲ့စည်းရေးအစည်းအဝေးကို ၂၀၁၉  ခုနှစ်၊ ဇွန်လ က  ကျင်းပခဲ့ပြီးအမျိုးသားမူဝါဒချမှတ်ရေးလုပ်ငန်းစဉ်များကိုမိတ်ဆက် ပေးခဲ့ပါကြောင်း။

 

National Urban Policy ချမှတ်ရေးလုပ်ငန်းစဉ်အရ Consultation Workshop (၃)ကြိမ်နှင့် National Urban Policy Forum ကြီးကိုလည်း  ၂၀၁၈ - ၂၀၁၉   ခုနှစ်များမှာကျင်းပပြုလုပ်ခဲ့ပါကြောင်း။ NUC ကော်မတီအဖွဲ့ဝင်များအနေနဲ့လည်းအဆိုပါ Workshop နဲ့ NUP Forum  တွေမှာ ပါဝင်ဆွေးနွေးခဲ့ပြီး အဓိကအားဖြင့် မြို့ပြမူဝါဒချမှတ်ရေးကဏ္ဍ(၈)ခုအပေါ်မှာ ဆွေးနွေးဆောင်ရွက်ခဲ့ပါကြောင်း။

 

အဆိုပါ ဆွေးနွေးပွဲများမှ ပေါ်ထွက်လာသည့် မြန်မာနိုင်ငံ၏ National Urban Policy   ကို ၂၀၂၀  ပြည့်နှစ်၊  ဖေဖော်ဝါရီ (၈)ရက်မှ  (၁၃) ရက်အထိ  UAE နိုင်ငံ အဘူဒါဘီ၌ ကျင်းပမည့်  World UrbanForum – WUF  10  တွင် ဆွေးနွေးမည် ဖြစ်ပြီး OECD. UN-Habitat  အဖွဲ့အစည်းများနှင့်လည်း NUPနှင့်စပ်လျဉ်းသည့် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်ပါကြောင်း။

 

ယနေ့ အစည်းအဝေးတွင်  MICC II   ၌ ကျင်းပသည့် National  Urban  Policy Final Consultation ညီလာခံ၏ ရလဒ်များအပေါ် NUC ကော်မတီဝင်များအနေနှင့် အမျိုးသားမြို့ပြ မူဝါဒချမှတ်အကောင်အထည်ဖော်ရေးနည်းလမ်းများ၊ Pilot ActionPlan များနှင့်စပ်လျဉ်းပြီ းပိုမိုကောင်းမွန် ပြည့်စုံသောအကြံဉာဏ်များ ပေးစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က   အမျိုးသားမြို့ပြမူဝါဒညီလာခံမှ ရလဒ်များ၊ National  Urban  Policy အကောင်အထည်ဖော်ရာတွင် ဦးစားပေးနယ်ပယ်ဧရိယာ(၈)ခုနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍  ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် UN-Habitat  မှ Country ProgrammeMr.Bijay က အမျိုးသားမြို့ပြမူဝါဒ ရေးဆွဲရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးသည်။ ဆက်လက်၍ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန် က  အမျိုးသားမြို့ပြမူဝါဒ ရေးဆွဲရေးဆိုင်ရာ ကိစ္စရပ်များနှင့်   ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍  ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက အမျိုးသားမြို့ပြမူဝါဒ ရေးဆွဲရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်