နေပြည်တော် ၉ စက်တင်ဘာ
ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနနှင့် Yooshin Engineering Corporation တို့ အကြား Greater Mekong Sub – region (GMS) Highway Modernization Project (HMP) (Funded by Asian Development Bank) Contract Signing Ceremony အခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် Yooshin Engineering Corporation မှ President , Mr. Jong Hun Kim တို့က အမှာစကားပြောကြားကြသည်။
ထို့နောက် လမ်းဦးစီးဌာ ညွှန်ကြားရေးမှူးချုပ် ဦးအုန်းလွင်နှင့် Yooshin Engineering Corporation မှ President , Mr. Jong Hun Kim တို့က Greater Mekong Sub – region (GMS) Highway Modernization Project (HMP)Contract အား ပြည်ထောင်စုဝန်ကြီး၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးကြသည်။
(သတင်းစဉ်)


