နေပြည်တော် ၁၂ နိုဝင်ဘာ

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် - ပြည် - မကွေး လမ်းပြုပြင်ထိန်းသိမ်းထားရှိမှုကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။

 

2

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည် - မကွေး လမ်းအပိုင်းပေါ်ရှိ ဘွက်ကြီး တံတားသို့ရောက်ရှိပြီး တံတားကြံ့ခိုင်မှုအတွက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ တံတားကမ်းကပ်ခုံ ရေတိုက်စားမှုမရှိရန် ကာကွယ်ထိန်းသိမ်းထားရှိမှု၊ ရေလမ်းကြောင်းအခြေအနေနှင့် တံတားရေလယ်တိုင်များ ကြံ့ခိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

33

 

ယင်းနောက် မကွေးတိုင်းဒေသကြီး သရက်ခရိုင်၌ တံတားဦးစီးဌာန တည်ဆောက်ရေး အဖွဲ့(၃)မှ တည်ဆောက်နေသော ဧရာဝတီတံတား (သရက်-အောင်လံ) တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးသည်။

 

4

 

ဧရာဝတီတံတား(သရက်-အောင်လံ)သည် မကွေးတိုင်းဒေသကြီး သရက်ခရိုင်တွင် တည်ရှိပြီး ဧရာဝတီမြစ် အရှေ့ဘက်ကမ်း အောင်လံမြို့နှင့် အနောက်ဘက်ကမ်း သရက်မြို့ တိုကို ဆက်သွယ်တည်ဆောက်ထားကာ စုစုပေါင်းတံတားအရှည် ၂၂၇၂ ဒသမ ၅ မီတာ၊ ယာဉ်သွားလမ်းအကျယ် ၈ ဒသမ ၅ မီတာ၊ လူသွားလမ်းတစ်ဖက်လျှင် ၁ မီတာစီပါရှိပြီး တံတားအောက် ရေလမ်းကင်းလွတ်အကျယ် မီတာ ၁၃၀၊ အမြင့် ၁၆ မီတာရှိ၍ တံတားအမျိုးအစားမှာ သံမဏိသံပေါင်ခုံးတံတားအမျိုးအစားဖြစ်ပြီး တံတား၏ခံနိုင်ဝန်မှာ AASHTO HS 25 - 44 Loading ဖြစ်သည်။

အဆိုပါတံတားကို ကျောက်ဖြူအထူးစီးပွားရေးဇုန်မှ သရက် - အောင်လံ - နေပြည်တော်ဖြတ်ပြီး ရွှေလီအထိ ဆက်သွယ်နိုင်သော စီးပွားရေးစင်္ကြန်လမ်းမကြီးပေါ်ရှိ အရေးပါသော တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်