mdn

နေပြည်တော် ၁ ဖေဖော်ဝါရီ

 

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ဂျကာတာမြို့ရှိ အာဆီယံဆိုင်ရာဥရောပသမဂ္ဂသံအမတ်ကြီး မစ္စတာ အီဂေါဒရိုင်းစမန်းအား ယမန်နေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 

ယင်းသို့လက်ခံတွေ့ဆုံစဉ် အာဆီယံနှင့် ဥရောပသမဂ္ဂတို့အကြား ပူးပေါင်း ဆောင်ရွက်မှုနယ်ပယ်များပိုမိုတိုးမြှင့်ရေး၊ အာဆီယံ-ဥရောပသမဂ္ဂဆွေးနွေးဖက်ဆက်ဆံရေးကိုမဟာဗျူဟာမြောက်အဆင့်သို့ တိုးမြှင့်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အထောက်အကူဖြစ် စေမည့် ပတ်ဝန်းကျင်ဖန်တီးရေးတွင် အာဆီယံမှ ကူညီပံ့ပိုးပေးသည့် လုပ်ငန်းများ၌ ဥရောပသမဂ္ဂကပံ့ပိုးပေးနိုင်မည့်အခြေအနေများနှင့် မြန်မာနှင့် ဥရောပ သမဂ္ဂအကြားဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

သတင်းစဉ်