နေပြည်တော် ၂၅ ဖေဖော်ဝါရီ 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (International Labour Organization- ILO) ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Greg Vines အား ယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ 

 

9112

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အိုင်အယ်လ်အိုအကြား ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံ၏ အလုပ်သမားဥပဒေပြုပြင်ပြောင်းလဲမှုများနှင့် Myanmar Decent Work Country Programme (DWCP) ကို အကောင်အထည်ဖော် ဆောင်ရွက်မှုတို့တွင် ILO အနေဖြင့် ပံ့ပိုးကူညီမှုများနှင့် စပ်လျဉ်း၍လည်းကောင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ 

သတင်းစဉ်