နေပြည်တော် ၈ ဇန်နဝါရီ
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ဗြိတိန်နိုင်ငံ Foreign and Commonwealth Office မှ Permanent Under-Secretary H.E. Sir Simon McDonald အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နေပြည်တော်သို့ သံရုံးပြောင်းရွှေ့ ဖွင့်လှစ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှု အခြေအနေနှင့် လုပ်ထုံးလုပ်နည်းများကို ဆွေးနွေးခဲ့ကြပြီး မြန်မာ-ဗြိတိန် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအကူအညီပေးရေး ကိစ္စများနှင့် ရခိုင်ပြည်နယ်ကိစ္စ အပါအဝင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)