ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လက်ခံတွေ့ဆုံ

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေ သည်   လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ သံအမတ်ကြီး ရိုဆာရီယိုမယ်နာလိုနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမြသိန်း၊ သံအမတ်ကြီး ကင်ဇိုအိုရှီးမား၊ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်တို့အား ယနေ့ညနေ ၃ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ 

 

တွေ့ဆုံပွဲသို့  ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)