နေပြည်တော်  ၉  မေ 

 

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ သည် UNDP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Peter Batchelor နှင့် UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Johan Cels တို့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံအစိုးရမှ ဆောင်ရွက်လျက်ရှိသည့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အကူအညီပေးနိုင်ရန် အတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ UNDP နှင့် UNHCR တို့အကြား ၂၀၁၈ ခုနှစ် ဇွန် ၆ ရက်က လက်မှတ်ရေးထိုးခဲ့သည့် နားလည် မှုစာချွန်လွှာ (MoU) ကို သက်တမ်းတိုးမြှင့်ရေးအတွက် UNDP နှင့် UNHCR တို့မှ တင်ပြဆွေးနွေးသည်။

 

အဆိုပါ နားလည်မှုစာချွန်လွှာ (MoU) သည် ၂၀၁၉ ခုနှစ် ဇွန် ၆ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသဖြင့် UNDP နှင့် UNHCR တို့က တစ်နှစ် သက်တမ်းတိုး မြှင့်နိုင်ရေးအတွက် ၂၀၁၉ ခုနှစ် မတ် ၇ ရက်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ အကြောင်းကြားခဲ့ရာ ယင်းဝန်ကြီးဌာနမှ မူအားဖြင့် သဘောတူပါကြောင်း ၂၀၁၉ ခုနှစ် မတ် ၉ ရက်တွင် ပြန်ကြားခဲ့ပြီးဖြစ်သည်။ 

 

ယနေ့တွေ့ဆုံစဉ် နားလည်မှုစာချွန်လွှာ (MoU)၏ သက်တမ်းအား တစ်နှစ် ထပ်မံတိုးမြှင့်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ထပ်မံအတည်ပြုပြောကြားသည်။

 

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။ 

 

(သတင်းစဉ်)

 

KYS_7