နေပြည်တော်၊ ၃ ဖေဖော်ဝါရီ

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်သည် ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် Convergence News Room ၊ MCR ၊ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း၊ တောင်သူလယ်သမားကဏ္ဍရုပ်သံလိုင်း ထုတ်လွှင့်ရေးခန်းများ၊ သတင်းစတူဒီယိုများနှင့် Central Equipment Room (CER) ၊ MRTV Webportal ၊ Earth Station ၊ ရေဒီယိုဓာတ်ပြားတိုက်၊ Radio Master Control Room တို့တွင် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သတင်းများ မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ထုတ်လွှင့်နိုင်ရေး၊ အမှားအယွင်းကင်းစင်စေရေးတို့အတွက် ဂရုပြုဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

 

သတင်းစဉ်