နေပြည်တော်  ၊ ၅ ဖေဖော်ဝါရီ 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်သည် ယနေ့မွန်းလွဲ ၂ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦ:စီးဌာန ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်/ခရိုင် ဦးစီးမှူး များအား Zoom Application စနစ်ဖြင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ အကျိုး၊  ပြည်သူ့အကျိုးကို စေတနာအပြည့်အဝဖြင့် သယ်ပိုးဆောင်ရွက်မည်ဟု ယုံကြည်ပါ ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စိတ်ဓာတ်၊ စည်းကမ်း၊ စေတနာနှင့် စွမ်းရည်ပြည့်ဝစွာ ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ကောလာဟလသတင်းများကို မယုံကြည်ရန်နှင့် ပြည်သူ များအား သတင်းအချက်အလက် မှန်ကန်စွာ ဖြန့်ဝေပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ လုပ်ငန်းများ အခက်အခဲရှိပါက အဆင့်ဆင့်တင်ပြ၍ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးဖြင့်  ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦ:စီးဌာနမှ အရာထမ်း၊ အမှုထမ်း  ၁၂၉ ဦး တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)