မန္တလေး မေ ၁၆
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အလုပ်သမားဆေးရုံကြီး (မန္တလေး) သို့ သွားရောက်၍ ပြင်ပလူနာဌာနနှင့် ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် အာမခံအလုပ်သမားလူနာများအား တွေ့ဆုံအားပေး၍ လှူဒါန်းငွေများပေးအပ်ကာ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု လုပ်ငန်းစဉ်များနှင့် ကျောက်ကပ်သန့်စင်ခြင်းဝန်ဆောင်မှု ဆောင်ရွက်ပေးနေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ကြီးတံခွန်မြို့နယ် ကျွမ်းကျင်မှု လေ့ကျင့်မှုသင်တန်းကျောင်း (မန္တလေး) သို့ သွားရောက်၍ လုပ်ငန်းခွင်ဝင်ရောက်ရန်အတွက် သက်မွေးပညာရရှိရန် လိုအပ်နေသူများအား ရည်ရွယ်ဖွင့်လှစ်သော ဆိုလာတပ်ဆင်ခြင်းနည်းစနစ်သင်တန်း ဖွင့်လှစ်နေမှုနှင့် လျှပ်စစ်အလုပ်အကိုင် Level-1 စစ်ဆေးအကဲဖြတ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


