နေပြည်တော်   ၂၄   ဇွန် 

 

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ဇွန် ၂၂ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရှိ အိမ်သုံးပစ္စည်း စက်ရုံ(မင်းစု)ကို ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဈေးကွက်သုတေသန ပြုလုပ်၍ ပြည်သူအများ သုံးစွဲသည့်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန်၊ မိမိထုတ်ကုန်ပစ္စည်းများ ဈေးကွက်တွင် ခိုင်မာစွာ ရပ်တည်နိုင်ရေးအတွက် ဆောင်ရွက်ရန်မှာကြားပြီး စက်ရုံအတွင်းဆေးရုံသုံးစတီးလ်ကုတင်နှင့် ပရိဘောဂပစ္စည်းများ၊ အိမ်သုံးပလတ်စတစ်ပစ္စည်းများ ထုတ်လုပ်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

ပြည်ထောင်စုဝန်ကြီးသည် ဇွန် ၂၃ ရက် မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ရှိ စက်မှုသင်တန်းကျောင်းသို့ရောက်ရှိပြီး သင်တန်းသားများ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးနေမှုကို လှည့်လည်စစ်ဆေးကာ သင်တန်းသားများ အမှန်တကယ် တတ်မြောက်ကျွမ်းကျင်မှုရှိအောင် လေ့ကျင့် သင်ကြားပေးရန်၊ သင်တန်းသားများ လက်တွေ့ဆောင်ရွက်နေမှုများကို အနီးကပ် ကြီးကြပ်စစ်ဆေးနေရန်နှင့် ဆောင်ရွက်ပြီးစီးပါက ပြန်လည်စစ်ဆေး၍ လိုအပ်ချက်များကို ချက်ချင်းပြန်လည်ရှင်းလင်း သင်ကြားပေးရန်၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှုရှိအောင် ထပ်မံဖြည့်တင်းထားရန်၊ သင်တန်းဆရာ/ ဆရာမ များအတွက် TOT သင်တန်းများ ဖွင့်လှစ်ပေးရန်တို့ကို မှာကြားပြီး တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 

(သတင်းစဉ်)

 

624201