နေပြည်တော် နိုဝင်ဘာ ၁၂
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ တောင်းတွင်းကြီး မြို့နယ်၊ ငမင်ကြိုးဝိုင်း အတွင်း တည်ထောင်ထားသော သစ်မျိုးစုံစိုက်ခင်း ဧက (၁၀၀) ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ များက သစ်မျိုး(၅၁)မျိုးဖြင့် စိုက်ပျိုးထားမှုအခြေအနေနှင့် သုတေသန ဆောင်ရွက်မှုကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အပူပိုင်းဒေသ စိမ်းလန်းစိုပြည် ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့ နယ်၊ သာစည်ကြိုးပြင်ကာကွယ်တောရှိ ၃/၂၀၂၁ အထူးစိမ်းတစ်အုပ်တစ်မ အပင်၃၀၀၀ ၊ သဘာဝ တောထိန်း ဧက ၁၀၀၀ အတွင်း ကွက်လပ်ဖြည့်စိုက်ပျိုးထားသော ၄/၂၀၂၁ အထူးစိမ်း ကွက်လပ်ဖြည့် အပင် ၄၀၀၀ ၊ ၅/၂၀၂၁ အထူးစိမ်း အပင်ကြီးစိုက်ပျိုးမှု အပင် ၉၃၆၀ တို့၏ ရှင်သန်အောင်မြင်မှု အခြေအနေအားလည်းကောင်း၊ တောပုန်းကြိုးပြင်ကာကွယ်တောရှိ ၂/၂၀၂၂ ကျေးရွာ ထင်းစိုက်ခင်း ၅၅ ဧကနှင့် ၃/၂၀၂၂ အခြားစိုက်ခင်း ဧက ၃၀ ၏ ရှင်သန်အောင်မြင်မှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မင်းဘူးမြို့နယ် ဆင်ခေါင်း-ဇီးအိုင် ကြိုးပြင်ကာ ကွယ်တောအတွင်း တည်ထောင်စိုက်ပျိုးသော ၂/၂၀၂၁ တောင်တန်းစိုက်ခင်း ဧက၁၀၀ ၊ ၅/၂၀၂၁ အထူးစိမ်းအပင်ကြီး တစ်အုပ်တစ်မ အပင် ၃၂၄၀ ၊ ၃/၂၀၂၂ အထူးစိမ်း တစ်အုပ်တစ်မ အပင် ၁၅၀၀ ၊ ၃/၂၀၂၁ အထူးစိမ်း တစ်အုပ်တစ်မ အပင် ၁၅၀၀ ၊ ၁/၂၀၂၁ အထူးစိမ်းစိုက်ခင်း အပင် ၆၂၀၀ နှင့် ပုဂံဂံကြိုးဝိုင်းအတွင်း စိုက်ပျိုးထားသော ၁/၂၀၂၂ ကျေးရွာထင်းစိုက်ခင်း ၅၀ ကို ကြည့်ရှုစစ်ဆေး ပြီး သဘာဝတောကျန်များကို ပိုမိုတိုးတက်လာအောင်ဆောင်ရွက်ပြီး သစ်တောဖုံးလွှမ်းမှု ပြန်လည် ကောင်းမွန်လာစေရေး အရှိန်အဟုန်မြင့်ဆောင်ရွက်ရန်၊ သဘာဝတောကျန်များရှိ ကွက်လပ်နေရာ များတွင် ဒေသနှင့်ကိုက်ညီသော သစ်မျိုးများဖြင့် ကွက်လပ်ဖြည့်စိုက်ပျိုးခြင်းအား ထိထိရောက် ရောက်ဆောင်ရွက်သွားရန်၊ ကျေးရွာသုံးထင်းစိုက်ခင်းများ ပိုမိုတိုးချဲ့စိုက်ပျိုးရန်နှင့် စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းများ အသုံးပြုနိုင်ပြီး ထင်းလောင်စာသုံးစွဲမှု ၄၀ ရာခိုင်နှုန်းချွေတာနိုင်သော စွမ်းအားမြင့် မီးဖိုများအား ဒေသခံပြည်သူများထံ ဆက်လက်ဖြန့်ဝေသွားရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက မိုးရေစုကန် များ ဆောင်ရွက်ပေးထားသော မင်းဘူးမြို့နယ်၊ ဇီးအိုင်အုပ်စု၊ တဲကုန်းရွာရှိ ရွာသူ၊ ရွာသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် မင်းဘူးမြို့နယ် ရွှေတပင်အမြဲတမ်းပျိုးဥယျာဉ်အတွင်း ၂၀၂၃ မိုးရာသီတွင် စိုက်ပျိုးရန် ပျိုးထောင်ထားသော ပျိုးပင် ၈၈၀၀၀ နှင့် အထူးစိမ်းပျိုးပင် ၂၉၀၀၀ ပျိုးထောင်ထားရှိမှုကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)