နေပြည်တော် နိုဝင်ဘာ ၄

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ရိုးရာယဉ်ကျေးမှု အနုသုခုမ အမွေအနှစ်များကို ရှာဖွေခြင်း၊ ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့် တိုးတက်ပြန့်ပွားစေရန် ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပြီး ကိုဗစ် 19 ကာလအတွင်း အများပြည်သူများ စိတ်အပန်းပြေစေရေးအတွက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုများကို အခြေခံသည့် ဖျော်ဖြေရေးအစီအစဉ်များကို ဖော်ထုတ်ပြသရန်  ရည်ရွယ်၍ နေပြည်တော်ရှိ အနုပညာဦးစီးဌာန လေ့ကျင့်ရေးဇာတ်ရုံ၌ ရွှေမြန်မာ အငြိမ့်ခန်း အစီအစဉ် () ကို ဇာတ်တိုက် လေ့ကျင့်လျက်ရှိရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးတို့သည် ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးအေးထွန်း၊ ဦးထွန်းအုံ တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးသည်။  

 

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက လေ့ကျင့်ဇာတ်တိုက်မှုအပေါ် လိုအပ်သည်များ မှာကြားပြီး ရွှေမြန်မာအငြိမ့်အဖွဲ့ကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

 

အဆိုပါ “ရွှေမြန်မာအငြိမ့်ခန်းအစီအစဉ် () တွင် ခေါင်းဆောင်မင်းသမီး ရွှေတံဆိပ်ဆုများရှင် ဆောင်းနှင်းဝေဝေ၊ ရှေ့ထွက်မင်းသမီး အေးချမ်းငြိမ်းတို့နှင့်အတူ လူရွှင်တော်များ ဖြစ်ကြသည့် အာဗြဲ၊ ရောင်နီ၊ ဝမ်းတူးနှင့် လမုန့်တို့ ပါဝင်၍ အငြိမ့်သမားစဉ် တေးသီချင်းများကို ဂီတဝိဇ္ဇာရွာစား အောင်ဝမ်းတူးက ရေးဖွဲ့သီကုံး၍ ရွာစားနိုင်လင်းဗိုလ် ဆိုင်းအဖွဲ့က တီးခတ်ပံ့ပိုးထားပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်