နေပြည်တော်   မတ်    ၂၂

 

အပြည်ပြည်ဆိုင်ရာ   ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည်       အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ  ဌာနေကိုယ်စားလှယ်    Ms.   Elena Ajmone Sessera ကို ယနေ့နံနက် ၉   နာရီခွဲက   နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ     ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် နိုင်ငံတော်အစိုးရ၏     ပြင်ဆင်ဆောင်ရွက်မှု၊ မြန်မာအစိုးရနှင့် ICRC တို့အကြား ပူးပေါင်းဆောင် ရွက်နေမှု၊     မြန်မာနိုင်ငံ အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများအတွက်  ညှိနှိုင်းဆောင်ရွက်ပေးနေမှုကို   ဆွေးနွေးခဲ့ကြသည်။               

သတင်းစဉ်