နေပြည်တော် ဇူလိုင် ၂၀
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဗီနေး ကူးမားကို ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ မိုခါမုန်တိုင်းဒဏ်သင့် ဒေသများအတွက် အိန္ဒိယနိုင်ငံမှ လူသားချင်း စာနာထောက်ထားမှု အကူအညီ လှူဒါန်းခဲ့မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဆောက်လုပ်ရေးပစ္စည်းများ အကူအညီပေးရေး၊ အိန္ဒိယနိုင်ငံ ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်သွားနိုင်ရေးနှင့် ဆန်နှင့် ပဲအမျိုးမျိုးကို အိန္ဒိယနိုင်ငံသို့ တင်ပို့ နိုင်ရေးတို့အတွက် အလားအလာများ ရှာဖွေသွားရေး၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမ စီမံကိန်း အကောင်အထည်ဖော်နေမှု ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်