နေပြည်တော် စက်တင်ဘာ ၁၉

 

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံသည့်အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

 

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊  ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ  လေ့လာရေးအဖွဲ့အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံ တကာဆက်ဆံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး၊ နိုင်ငံ့အကျိုး ဖြစ်ထွန်းစေမည့် အကြံပြုချက်များကို ပညာရှင်များရှုထောင့်မှ အထောက်အကူပြု ပံ့ပိုးနိုင်ရေးတို့ကို တိုက်တွန်းမှာကြားခဲ့သည်။

 

ထို့နောက် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင် အဖွဲ့ဝင်များကအဖွဲ့၏ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။    

သတင်းစဉ်