နေပြည်တော် ဇွန် ၂၉
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပေါင်းလောင်းမြစ်ပေါ်တွင် တည်ဆောက်ထားသည့် အထက်ပေါင်းလောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၏ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုနှင့် ဓာတ်အားထုတ်လုပ်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေးစက်များ ပြန်လည်ပြုပြင်ပြီး စက်များ လည်ပတ်မောင်းနှင် ဓာတ်အားထုတ်လုပ်နေမှု၊ ဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အားထိန်းချုပ်၍ ဓာတ်အားစနစ်နှင့် ချိတ်ဆက်မောင်းနှင်နေမှု၊ ရေလှောင်တမံအတွင်း ရေဝင်ရောက်နေမှု၊ တမံအတွင်း နုန်းများဝင်ရောက်မှုနှင့် တမံကြံ့ခိုင်ရေးထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဓာတ်အားပေးစက်ရုံနှင့် တည်ဆောက်ရေးစီမံကိန်းမှ ဝန်ထမ်းများနှင့် လုံခြုံရေးဝန်ထမ်းများအား စားသောက်ဖွယ်ရာများပေးအပ်ကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


