နေပြည်တော် ဧပြီ ၂၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်အတွင်း သမဝါယမစနစ်ဖြင့် ဆောင်ရွက် လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ လယ်ဝေးမြို့နယ် တလုပ်ပင်ကျေးရွာရှိ ကြံတိုင်းအောင် သမဝါယမအသင်းပိုင်မြေ ၉၇ ဒသမ ၆၅ ဧကပေါ်၌ ဒို့မြန်မာသမဝါယမအသင်းနှင့် ကြံတိုင်းအောင် သမဝါယမ အသင်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နွားမွေးမြူရေးခြံ၌ နွားများမွေးမြူထားရှိမှုနှင့် နွားစာအတွက် နွားစာဟင်းနုနွယ်မြက်နှင့် နေဗီယာမြက်များ စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မိုးမကျမီ နွားမျိုး ကောင်းမျိုးသန့်များ ထည့်သွင်းမွေးမြူနိုင်ရေး လိုအပ်သည်များ ချိတ်ဆက်ဆောင်ရွက်သွားရန် ဆွေးနွေး မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့နယ် မြွေရိုးကျောင်းစုကျေးရွာအုပ်စု ရုံးတောကျေးရွာရှိ ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက် အသင်းပိုင်မြေပေါ်တွင် နွေစပါးစိုက်ပျိုးထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ငလျင်ဒဏ်သင့်ဝန်ထမ်းများ ယာယီ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ဒဏ္ခိဏသီရိမြို့နယ်ရှိ ယာဉ်၊ စက်ယန္တရားသိုလှောင်ရုံအတွင်း ယာယီဝန်ထမ်းလိုင်း ခန်းများ တည်ဆောက်နေမှုအခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာတာဝန်ရှိသူ များ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)