မော်လမြိုင်  မတ်  ၂၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ရွှေမြိုင်သီရိရပ်ရှိ ရွှေမြိုင် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ တန်(၉၀)ကျ အဆင့်မြင့် ဆန်စက်နှင့် တန်(၁၂ဝ)ကျ စပါးအခြောက်ခံစက် လည်ပတ်မှုအခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက စက်ရုံအနေဖြင့် ဒေသခံတောင်သူများ စိုက်ပျိုးထုတ်လုပ်သည့် စပါးများအား ဝယ်ယူနိုင်ရေး၊ တောင်သူများ မိုးစပါး ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်းတိုးတက်အောင် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး အတွက် လိုအပ်သည့် သွင်းအားစုများကို သမဝါယမအသင်းများက ပံ့ပိုးပေးနိုင်ရေး၊ စက်ရုံ များ စွမ်းအားပြည့် လည်ပတ်ဆောင်ရွက်နိုင်ရေး  မှာကြားသည်။

ရွှေမြိုင် ဆန်စက်တွင် တန် (၉၀)ကျ ဆန်စက်နှင့် တန် (၁၂၀) စပါးအခြောက်ခံစက် ပါရှိပြီး အဆိုပါဆန်စက်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင်ဖွင့်လှစ်ခဲ့ကာ ဒေသအတွင်း ထွက်ရှိသောစပါးများကို ဝယ်ယူကြိတ်ခွဲ၍ ပြည်တွင်း ပြည်ပစျေးကွက်များသို့ ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်