နေပြည်တော် ဇူလိုင် ၁၁
မိုခါမုန်တိုင်းသင့် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စစ်တွေမြို့၌ ရောက်ရှိနေသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်နယ်ရိပ်သာခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ပြည်နယ်ဦးစီးမှူးများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ သမဝါယမအသင်းအဖွဲ့စနစ်ဖြင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရေး၊ GW-11 အထွက်တိုး မျိုးစပါးများ စိုက်ပျိုးနိုင်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တို့က ဆောင်ရွက်နေသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထူထောင်ပေးရေးတို့ကို မှာကြားပြီး ပြည်နယ်ဦးစီးမှူး လုပ်ငန်းလိုအပ်ချက် တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့နယ် သမဝါယမဦးစီးဌာနရုံး၊ ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးနှင့် အသေးစား စက်မှုလက် မှုလုပ်ငန်းဦးစီးဌာနရုံး ပြန်လည်ပြုပြင်တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာလို အပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်နေသည့် စစ်တွေမြို့နယ် အောင်မင်္ဂလာရပ်ကွက်နှင့် ရွာသစ်ကေကျေးရွာတို့ကို ဆက်သွယ်ပေးထားသော အရှည် ၈၅ ပေ၊ အကျယ် ၁၂ ပေရှိ ဘေလီသံဘောင်နှင့် သစ်သားကြမ်းခင်း တံတားပြန်လည်ပြုပြင် ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးကာ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရန်နှင့် ရေရှည်တည်တံ့ ခိုင်မြဲအောင် ထိန်းသိမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်