နေပြည်တော် မတ် ၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သည် အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် သန်လျင်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကျေးရွာသုံးရွာ၊ အိမ်ထောင်စု ၂၁၂၅ စု၊ လူဦးရေ ၆၃၇၅ ဦး တို့ကို အကျိုးပြုပေးနိုင်မည့် သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာ ကျောင်းကုန်း-ဆိပ်ကြီးလမ်းပိုင်း ကတ္တရာ လမ်းပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာလိုအပ်မှု တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သန်လျင်မြို့နယ် ကရင်ဆိပ်ကျေးရွာ၌ ကျေးရွာ ကော်မတီဝင်များ၊ ကျေးရွာရပ်မိရပ်ဖများ၊ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ၏ တစ်မိသားစုချင်း ဝင်ငွေတိုးပွားစေရေး၊ စိုက်ပျိုး ရေး၊မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်စေရေး နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနမှ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများကို  အရှိန်အဟုန်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိကြောင်း ပြောကြားကာ ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကရင်ဆိပ်ကျေးရွာတွင် ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF)ရန်ပုံငွေဖြင့် ဆောင်ရွက်သော ဝက်မွေးမြူရေး လုပ်ငန်းဆောင်ရွက်နေမှု၊ ခေတ်မီစံပြကျေးရွာထူထောင်ခြင်း စီမံကိန်း(Smart Village)ဖြင့် ဆောင်ရွက်သော ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့်  ကျေးရွာဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်ထားရှိသည့် ကျေးရွာစာကြည့်တိုက် ဖွင့်လှစ်ထား ရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ကျေးရွာလမ်းကော် မတီဝင်များ နှင့် ဒေသခံပြည်သူအားလုံးက ဆောင်ရွက်ပြီးဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည် တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းကြရန်၊ ဝက်မွေးမြူသူများအနေဖြင့် တိရစ္ဆာန်ရောဂါများ မကျရောက် စေရေး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအကူအညီဖြင့် စနစ်တကျဆောင်ရွက်ရန်နှင့် ဈေးကွက်ရရှိ ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးသွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်