နေပြည်တော် ဇွန် ၁

 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းက ယာယီဘာရှာလိုင်းခန်းများတွင် ဝန်ထမ်းများ ပြောင်းရွှေ့နေထိုင်နေမှုနှင့် Fabricated Modular House များ တပ်ဆင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

စည်းကမ်းရှိစွာ နေထိုင်

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝန်ကြီးဌာနပိုင်မြေနေရာ၌ ပြည်ထောင်စုဝန်ကြီးရုံး၊ သမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ငလျင်ဒဏ်သင့် အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ နေထိုင်နိုင်ရေးတည်ဆောက်ပြီးစီးခဲ့သည့် ယာယီဘာရှာလိုင်းခန်းများတွင် ပြောင်းရွှေ့နေထိုင်နေမှုအခြေအနေများ၊ Fabricated Modular House များ တပ်ဆင်ဆောင်ရွက်နေမ အခြေအနေများနှင့် ရေ၊ မီး၊ မိလ္လာစနစ်များ တပ်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ စနစ်တကျနေထိုင်နိုင်ရေးအတွက် လိုအပ်သည့် ရေ၊ မီး၊ မိလ္လာများ လုံလောက်မှုရှိအောင် ဆောင်ရွက်ပေးရန်၊ ယာယီဘာရှာများ ပတ်ဝန်းကျင်သန့်ရှင်း သာယာမှုရှိစေရေးနှင့် ဝန်ထမ်းများ စနစ်တကျဖြင့် စည်းကမ်းရှိစွာ နေထိုင်ကြစေရေးကြပ်မတ်ဆ ောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

 

အမြန်ဆုံးနေရာချထား

ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) အတွင်းရှိ မြေနေရာတွင် ငလျင်ဒဏ်သင့်ဝန်ထမ်းများ နေထိုင်နိုင်ရေး Prefabricated Modular House များ တပ်ဆင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက Fabricated Modular House တပ်ဆင်မှုများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်ပြီးစီးပါက ဝန်ထမ်းများကို စနစ်တကျအမြန်ဆုံးနေရာချထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်