ရန်ကုန်၊ ဒီဇင်ဘာ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးလှစိုးနှင့်အတူ ယမန်နေ့ညပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ကျင်းပသည့်တူယှဉ်နွှဲပျော် ဂီတပွဲတော်ယှဉ်ပြိုင်ကျင်းပမှုအား တက်ရောက် အားပေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်  တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဂီတပွဲတော်သို့  တက်ရောက်လာကြသည့် အနုပညာရှင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ပြည်သူများ အပန်းပြေစေရန်အတွက် ဖျော်ဖြေရေးလုပ်ငန်းများ ရိုက်ကူးတင်ဆက်နိုင်ရေး ဆွေးနွေး ပြောကြားသည်။

ထို့နောက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ရောက်ရှိမည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအစီအစဉ်ဖြစ်သည့်တူယှဉ်နွှဲပျော် ဂီတပွဲတော်အုပ်စု() ဒုတိယပွဲစဉ် တွင် နေပြည်တော်နှင့် ပြည်နယ်/တိုင်းဒေသကြီးတို့မှ တိုင်းရင်းသားညီအစ်ကိုမောင်နှမ ()ဦးတို့၏ ယှဉ်ပြိုင်သီဆိုမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဒိုင်အဖွဲ့ဝင် အနုပညာရှင်()ဦးနှင့် ပြိုင်ပွဲဝင်()ဦးတို့အား လိုက်လံနှုတ်ဆက်အားပေးပြီး အမှတ်တရ လက်ဆောင်များပေးအပ်ကာ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရောက်ရှိမည့် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့်တူယှဉ်နွှဲပျော် ဂီတပွဲတော်အစီအစဉ်ကို နေပြည်တော်နှင့် ပြည်နယ်/ တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်()ဉီးစီဖြင့် ပြိုင်ပွဲဝင်စုစုပေါင်း(၄၅)ဉီး တို့က ပြည်ထောင်စုနေ့ ဆိုင်ရာ တေးသီချင်းများ၊ စိတ်ကြိုက်တေးသီချင်းများဖြင့် သီဆိုယှဉ်ပြိုင်မှုကို ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ မှ စတင်ကာ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့အထိ ပွဲစဉ်(၁၂)ပွဲဖြင့် စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)