နေပြည်တော် မတ် ၁၈

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ ဗုဒ္ဓဘာသာအဖွဲ့အစည်းတစ်ခု ဖြစ်သည့် International Buddhist Confede-ration (IBC) အထွေထွေ အတွင်းရေးမှူး Ven.Shartse Khensur Rinpoche Jangchup Choe-den နှင့် အဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဗုဒ္ဓသာသနာထွန်းကားသည့် နိုင်ငံငါးနိုင်ငံသာမက ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရေး၊ ပါဠိဘာသာပြန့်ပွားရေး၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် မီဒီယာကဏ္ဍ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက် ရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက်နှင့်အညီ နေထိုင်သွားရေး၊ နှစ်နိုင်ငံ မီဒီယာသင်တန်းများ ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းရင်းနှီးနှီး ဆွေးနွေးကြသည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် Inter-national Buddhist Confederation (IBC) မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်