နေပြည်တော် ဇူလိုင် ၁၁

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယား ဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Daba Debele Hunde သည် ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ရင်းရင်းနှီးနှီး ဆွေးနွေး

တွေ့ဆုံစဉ် နှစ်နိုင်ငံ မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအတွက် MoU လက်မှတ်ရေးထိုးနိုင်ရေး၊ မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ပြီး နှစ်နိုင်ငံအကြား အပြန်အလှန် သတင်းမှန်ထုတ်လွှင့်နိုင်ရေး၊ စီးပွားရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍများတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။

သတင်းစဉ်