နေပြည်တော်   စက်တင်ဘာ   ၂၀

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တို့သည် တာဝန်ရှိသူများ၊ အနုပညာရှင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက  နေပြည်တော် တပ်ကုန်းမြို့ အနီးတစ်ဝိုက်နှင့် ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် နေပြည်တော်၊ တပ်ကုန်းမြို့ မဟာဇနက ကျောင်းတိုက်တွင် ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ မဟာဇနကကျောင်းတိုက် နာယက ဆရာတော် ဘဒ္ဒန္တဝဏ္ဏာရဟအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

ထို့နောက် အဆိုပါကျောင်းတိုက်ရှိ မဟာဇနကဗိမာန်တော်၌ ရေဘေးသင့်ပြည်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ အနုပညာရှင်များက လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားကာ အားပေးစကားပြောကြားကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ M Entertainment Channel နှင့် Elavate Broadcast Myanmar Co.,Ltd တို့မှ တာဝန်ရှိသူများနှင့် အနုပညာရှင်များက ရေဘေးသင့်ပြည်သူများအတွက် လူသုံးကုန်များ၊ စားသောက်ကုန်များနှင့် ဆေးဝါးများကို ထောက်ပံ့ပေးအပ်ကြသည်။

 

ဆက်လက်၍  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ခေတ်ပေါ်တီးဝိုင်းအဖွဲ့နှင့်အတူ နာမည်ကျော် တေးသံရှင် များဖြစ်ကြသည့် ယုန်လေး၊ ဂျင်းနီ၊ ဟာသပညာရှင်များဖြစ်ကြသည့် အကယ်ဒမီ အုန်းသီး၊  ဒိန်းဒေါင်နှင့် အနုပညာရှင်များ၊ MRTV မှ ဝန်ထမ်းတေးသံရှင်များက ရေဘေးသင့်ပြည်သူများ စိတ်ဓာတ်ခွန်အား တက်ကြွစေမည့် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ရေဘေးသင့်ပြည်သူများကို ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ပြီး ရေဘေးသင့်ပြည်သူများ၏ အခက်အခဲများနှင့် ဆောင်ရွက်ပေးစေလိုသည်များကို မေးမြန်း၍ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

အဆိုပါ မဟာဇနကကျောင်းတိုက် ရေဘေးကယ်ဆယ်ရေးစခန်းတွင် အနော်ရထာရပ်ကွက်၊ ဘုရင့်နောင် ရပ်ကွက်နှင့် မြောက်ရွေးစုကျေးရွာ၊ စုစုပေါင်းရပ်ကွက်/ကျေးရွာ ခုမှ အိမ်ထောင်စု  ၈၁ စု လူဦးရေ  ၂၄၉  ဦးတို့အား ကူညီကယ်ဆယ်စောင့်ရှောက်ထားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် နေပြည်တော်၊ တပ်ကုန်းမြို့ ချမ်းမြေ့မြိုင်ရိပ်သာ ကျောင်းတိုက်တွင် ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ ကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တသီဟဉာဏအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

ထို့နောက် အဆိုပါကျောင်းတိုက်ရှိ ဓမ္မာရုံ၌ ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ပြည်ထောင်စုဝန်ကြီးများနှင့်အတူ အနုပညာရှင်များက လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြား၍ အားပေးစကားများ ပြောကြားကြကာ ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် ကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ M Entertainment Channel နှင့် Elavate Broadcast Myanmar Co.,Ltd တို့မှ တာဝန်ရှိသူများနှင့် အနုပညာရှင်များက ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်း များ ပေးအပ်ကြသည်။

 

ဆက်လက်၍ ရေဘေးသင့်ပြည်သူများအား မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ခေတ်ပေါ်တီးဝိုင်းအဖွဲ့နှင့်အတူ အနုပညာရှင်များ၊ MRTV မှ ဝန်ထမ်းတေးသံရှင်များက စိတ်ဓာတ်ခွန်အားတက်ကြွစေမည့် တေးသီချင်း များဖြင့် သီဆိုဖျော်ဖြေကြသည်။

 

အဆိုပါ ချမ်းမြေ့မြိုင်ဘုန်းကြီးကျောင်းတွင် အနော်ရထာရပ်ကွက်၊ အဆုန်ဇီးကုန်း၊ ရှောက်ကုန်း၊ လက်ပံကုန်း၊ မြောက်ရွေးစုနှင့် ချောင်းဂွကျေးရွာတို့မှ စုစုပေါင်း ရပ်ကွက်/ ကျေးရွာ()ခုမှ အိမ်ထောင်စု (၁၂၇)စု လူဦးရေ (၄၂၀)တို့အား ကူညီကယ်ဆယ်စောင့်ရှောက်ထားခြင်း ဖြစ်သည်။

 

တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ M Entertainment Channel နှင့် Elavate Broadcast Myanmar Co.,Ltd တို့မှ  လူသုံးကုန်၊ စားသောက်ကုန်များနှင့် ဆေးဝါးများ စုစုပေါင်း တန်ဖိုးငွေကျပ် ,၀၁၄,၀၀၀ ကိုလည်းကောင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ လူသုံးကုန်ပစ္စည်များကိုလည်းကောင်း၊ အနုပညာရှင် များကလည်း အလှူငွေနှင့် စားသောက်ကုန်များကိုလည်းကောင်း  လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ သွားရောက်ပြီး ရာဂီမုန်တိုင်းတိုက်ခတ်ခဲ့သည့် သဘာဝဘေးဒဏ်ကြောင့် တပ်ကုန်းမြို့ အနီးတစ်ဝိုက်နှင့်  ကျေးရွာများတွင် ရေကြီး၊ ရေလျှံမှုများဖြစ်ပွား၍ ဓာတ်တိုင်များပြိုလဲခဲ့ပြီး စက်တင်ဘာ ၁၁ ရက်မှစ၍ လျှပ်စစ်ဓါတ်အားလိုင်း ပြတ်တောက်ခဲ့သော်လည်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ရုပ်သံထုတ်လွှင့်မှုများ ပြတ်တောက်မှုမရှိစေ ရေးအတွက် (၁၂၅၀) ကေဗွီအေ Generator မီးစက်ကြီး နှစ်လုံးဖြင့် စက်တင်ဘာ ၁၅ ရက် အထိ အလှည့်ကျမောင်းနှင်ဆောင်ရွက်ခဲ့မှု၊ ဂါလံ   ၈၀၀၀၀  ဆံ့ ရေစုကန်မှတစ်ဆင့် (၁၆) ကေဗွီအေ အင်ဂျင်မီးစက်ဖြင့်မောင်းနှင်၍ ပင်မအဆောက်အဦးနှင့် ဝန်ထမ်းအိမ်ယာများအတွက် ရေပြတ်တောက်မှု မရှိစေ‌‌ရေး စီစဉ်ဆောင်ရွက်ခဲ့မှု၊ ဂါလံ(၆၀၀၀၀)ဆံ့ ရေစုကန်ဖြင့် မြေအောက်ရေ စုဆောင်းဖြန့်ဝေခဲ့မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တန်ဖိုးကြီးမားသည့် မီးစက်ကြီးများ ပုံမှန်ကြံ့ခိုင်ရေးပြုလုပ်ပြီးစမ်းသပ်မောင်းနှင် ထိန်းသိမ်းရေးစီမံ ဆောင်ရွက်ရန်နှင့် ယင်းအတွက် အရန်ပစ္စည်းများလည်းအသင့်ရှိရန်၊ ရေစုကန်များတွင် ရေအမြဲမပြတ် စုဆောင်းထားရှိပြီး မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက်လည်း အသင့်အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ထားရှိရန် မှာကြားသည်။  

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အနုပညာရှင်များသည် ပျဉ်းမနားမြို့နယ် သပြေတောင်တောရကျောင်းတိုက်နှင့် မဟာလယ်တီစံကျောင်းတိုက်တို့၌  ဖွင့်လှစ်ထားသည့် ရေဘေး ကယ်ဆယ်ရေးစခန်းများသို့  ရောက်ရှိပြီး  ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အနုပညာရှင်များက လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားကာ အားပေးစကား ပြောကြားကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တာဝန်ရှိသူများနှင့် အနုပညာရှင်များက ရေဘေး သင့်ပြည်သူများ အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြသည်။

 

ထို့နောက် နိုင်ငံကျော်ဟာသပညာရှင်များဖြစ်ကြသည့် အကယ်ဒမီ အုန်းသီးနှင့် ဒိန်းဒေါင်တို့က  ရေဘေးသင့် ပြည်သူများ စိတ်ဓာတ်ခွန်အားတက်ကြွစေမည့် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။

 

အဆိုပါ သပြေတောင်တောရကျောင်းတိုက်တွင်  ရပ်ကွက်/ ကျေးရွာများမှ ရေဘေးသင့်ပြည်သူ စုစုပေါင်း ဦးရေ ၃၅၀ နှင့်   မဟာလယ်တီစံကျောင်းတိုက်တွင် ရပ်ကွက် / ကျေးရွာများမှ ရေဘေးသင့်ပြည်သူ ၃၉၉ ဦးတို့ကို ကူညီကယ်ဆယ်စောင့်ရှောက်ထားကြောင်း သိရသည်။

 

ပျဉ်းမနားမြို့နယ်မှ ရေဘေးသင့်ပြည်သူများအတွက် ပြန်ကြားရေးဝန်ကြီးဌာနက လူသုံးကုန်၊ စားသောက် ကုန်များနှင့် ဆေးဝါးများ စုစုပေါင်း တန်ဖိုးငွေကျပ် သိန်း ၅၀ အား လှူဒါန်းခဲ့ကြသည်။

(သတင်းစဉ်)