နေပြည်တော် နိုဝင်ဘာ ၁၂

၂၀၂၄ ခုနှစ် တရုတ် - အာဆီယံ လူမှုယဉ်ကျေးမှု ဆွေးနွေးဖလှယ်ရေးနှစ်နှင့် ၂၀၂၅ ခုနှစ်တွင် တရုတ်- မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၅)နှစ်မြောက် နှစ်ပတ်လည်အကြို လှုပ်ရှားမှု အဖြစ် တရုတ်-မြန်မာနှစ်နိုင်ငံ ကဏ္ဍစုံ အကျိုးတူပူးပေါင်းဆောင် ရွက်မှု နက်ရှိုင်းစွာမြှင့်တင်နိုင်ရန် နှင့် နှစ်နိုင်ငံမီဒီယာပူးပေါင်း ဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်စေ ရန်အတွက် ၂၀၂၄ ခုနှစ် တရုတ်- မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲ အခမ်းအနားနှင့် (၄)ကြိမ်မြောက် Twin City မီဒီယာဖိုရမ်ကို ယနေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ ယူနန် ပြည်နယ် မြို့တော်ကူမင်းမြို့ရှိ တျန်ချီစုံဖိန် ဗီလာဟိုတယ်၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့ နှင့်အတူ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင် ဆွေ၊ ယူနန်ပြည်နယ်ကောင်စစ်ဝန် နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြသည်။

 

တက်ရောက်

အဆိုပါ မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်း ၄၁ ဦးနှင့် ပြင်ပမီဒီယာနှင့် အဖွဲ့အစည်းများမှ အဖွဲ့ဝင်ခုနစ်ဦး စုစုပေါင်း ၄၈ ဦးဖြင့် စုဖွဲ့တက်ရောက်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံမှ တရုတ် ကွန်မြူ နစ်ပါတီ ယူနန်ပြည်နယ် ပါတီကော်မတီ အမြဲတမ်းကော်မတီဝင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဇိန်းယန့်၊ တရုတ် ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ် ပါတီကော်မတီ အမြဲတမ်းကော်မတီဝင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဖုန်ကျွင့်ရန်၊ ယူနန်နေ့စဉ်သတင်းစာလုပ်ငန်းစု၊ ယူနန်ယဉ်ကျေးမှုနှင့် ခရီးသွား လုပ်ငန်းဝန်ကြီးဌာန၊ ယူနန် ပြည်နယ်မှ တက္ကသိုလ်ကောလိပ်များ၊ တယ်ဟုန်ပြည်နယ်ခွဲ၊ လင်ချန်းမြို့၊ ပေါင်ရှန်မြို့၊ နုကျန်း ပြည်နယ်ခွဲ၊ ဖူအောမြို့၊ စစ်ဆောင်ပန်းနားပြည်နယ်ခွဲ၊ ချူရှုံပြည်နယ်ခွဲတို့မှ ပါတီကော်မတီ၊ ပြန်ကြားရေးဌာနများမှ တာဝန်ရှိသူများ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ကြသည်။

 

ဦးစွာ တရုတ်ယဉ်ကျေးမှုအက အဖွဲ့က “တောတောင်ရေမြေ တစ်သားတည်းဖြစ်တဲ့ ပေါက်ဖော် မေတ္တာ” တေးသီချင်းဖြင့် ကပြ ဖျော်ဖြေတင်ဆက်ပြီး သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အကအဖွဲ့က “ပုဂံ”အကဖြင့် ဆက်လက်၍ ဖျော်ဖြေတင်ဆက်သည်။ ထို့နောက် တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ပါတီ ကော်မတီ အမြဲတမ်း ကော်မတီဝင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဇိန်းယန့်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မိန့်ခွန်းပြောကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် အနုပညာ၊ ယဉ်ကျေးမှုအမွေအနှစ်များစွာ တည်ရှိမှုနှင့်အတူ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းမှု တွင်လည်း ခေတ်မီနည်းပညာနှင့် ရှေးမူမပျက် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံတွင် မြေငလျင် ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဖြစ်သော သဗ္ဗညုဘုရားကို ပြန်လည်ပြုပြင် မွမ်းမံရေးတွင် နည်းပညာအကူအညီပေးပြီး ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခုကဲ့သို့ အခမ်းအနားများတွင် ယဉ်ကျေးမှု အပြန်အလှန်ဖလှယ်မှုများ မြှင့်တင်ခြင်းအားဖြင့် နှစ်နိုင်ငံပြည်သူများအကြား ကူးလူးဆက်ဆံ ဖလှယ်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက်နက်ရှိုင်းမှု ဖြစ်ပေါ်စေပါကြောင်း၊ ယနေ့အခမ်းအနားတွင် နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ပြခန်းများခင်းကျင်းပြသရာတွင်လည်း မြန်မာနိုင်ငံ၏ “ပုဂံ”နှင့် ပတ်သက်သည့် ပြခန်းအားထည့်သွင်း ခင်းကျင်းပြသထားပါကြောင်း၊ မိမိတို့ နိုင်ငံတော်အကြီး အကဲက စိုက်ပျိုးရေး ထုတ်ကုန်၊ မွေးမြူရေးထုတ်ကုန်နှင့် MSMEs ထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ဆောင်ရွက် ရန် လမ်းညွှန်ထားပြီး နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက်တွင် ထည့်သွင်း၍ စိုက်ပျိုးရေးကဏ္ဍကို အလေးအနက်ထား ဆောင်ရွက် နေပါကြောင်း။ (၄)ကြိမ်မြောက် Twin City မီဒီယာဖိုရမ်မှ ပြောင်းလဲ တိုးတက်လာသည့် ခေတ်မီနည်းပညာဖြစ်သည့် AI ကဲ့သို့နည်းပညာကို အသုံးပြုပြီး အဆင့်မြင့်မီဒီယာ ဖြစ်ထွန်း ပေါ်ပေါက်လာစေရန် အတူတကွ လက်တွဲပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့သည် အခက်အခဲ နှင့် စိန်ခေါ်မှုများကိုကျော်လွှားပြီး မြန်မာ-တရုတ်ဆက်ဆံရေးကို ခေတ်သစ်တွင် ပိုမိုကြီးမားသည့် တိုးတက်မှုများ ရရှိစေရန်၊ နှစ်နိုင်ငံ ပြည်သူများ အတူတကွလက်တွဲ ပြီး ပိုမိုသာယာချမ်းမြေ့သည့် အနာဂတ်ကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ “မင်္ဂလာပါ မျှော်လင့်ခြင်း လယ်ယာမြေ” ပထမအသုတ် စိုက်ပျိုးရေးစီမံကိန်း မိတ်ဆက်ကြေညာ လက်စွဲစာအုပ်ကို ယူနန်ပြည်နယ် လယ်ယာစိုက်ပျိုးရေး ကျွမ်းကျင်ပညာရှင် လျိုကျန့်ကော်နှင့် ASIA Flower Mall Myanmar Co,Ltd.MD ဒေါ်ဖွေးဖွေးသန့်တို့က မိတ်ဆက်ပြောကြားကြသည်။

 

ယင်းနောက် Bilibili မြန်မာ ဘာသာ Online တင်ဆက်သူသိုက်နီး (ဆောင်းနေခြည်)နှင့် MRTV မှ မြနန္ဒာတို့က “မင်္ဂလာ ညီအစ်မ အတူပြောကြ” နိုင်ငံတကာ ပြန်ကြားရေးစီမံကိန်း ပထမအပတ်စဉ် Videoတေးသီချင်းကို နောက်ခံဖြင့် မိတ်ဆက် ပြောကြားကြသည်။ ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ “မှုံရွှေရည်” တေးသီချင်းဖြင့် ကပြ ဖျော်ဖြေတင်ဆက်ကြပြီး ယူနန် YICC မှ ဒေါက်တာထိုက်လွင်ကိုက “ ယူနန်လို့ခေါ်တဲ့ ဘဝနေထိုင်မှု တစ်မျိုးရှိတယ်” ပေါက်ဖော် ပြန်ကြားသူ စီမံချက်အား ပြောကြားသည်။

 

ပူးပေါင်းဆောင်ရွက်

ထို့နောက် ယူနန်နေ့စဉ် သတင်းစာအဖွဲ့ ပါတီကော်မတီ အတွင်းရေးမှူး သတင်းစာအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဟယ်ဇူးခွင်းနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်တို့က ၂၀၂၄ အ????????? New Media အွန်လိုင်း New Media မွမ်းမံသင်တန်း ပူးတွဲကျင်းပရေး (LOI) အားလည်းကောင်း၊ ယူနန်ပြည်နယ် YICC အယ်ဒီတာ/ညွှန်ကြားရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဝမ်ထင်ရောင်နှင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးကိုကိုနိုင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်ထွေးတို့က တရုတ်-မြန်မာ စိုက်ပျိုးရေးလုပ်ငန်း အရည်အသွေးသစ် ကုန်ထုတ်စွမ်းအင်တီဗွီအစီအစဉ် အတူတကွဖန်တီးရေး (LOI )ကို လည်းကောင်း၊ ယူနန်ပြည်နယ် YICC အယ်ဒီတာ/ညွှန်ကြားရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဝမ်ထင်ရောင်နှင့် ရွှေဇာမဏီ သတင်းစာတိုက်မှ အထွေထွေ မန်နေဂျာ ဒေါ်ချိုသက်ထွန်းတို့က “ရွှေဇာမဏီ” တရုတ်ဘာသာ သတင်းစာတိုက် မီဒီယာများနှင့် သတင်းကဏ္ဍ ၂၀၂၅ ခုနှစ် ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်းကောင်း၊ ယူနန်ပြည်နယ် YICC အယ်ဒီတာ/ညွှန်ကြားရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဝမ်ထင်ရောင်နှင့် ဩကာသစာပေမှ တာဝန်ခံ ဦးဟိန်းလတ်တို့က တရုတ်-မြန်မာ နိုင်ငံတကာပြန်ကြားရေး နှင့် ဘာသာပြန်အလုပ်ရုံ ပထမ အသုတ် ဂန္ထဝင်စာပေများ အပြန်အလှန် ဘာသာပြန်ဆိုထုတ်ဝေ ရေးစီမံကိန်းကို လည်းကောင်း၊ တယ်ဟုန်ပြည်နယ်ခွဲ ပါတီ ကော်မတီ ပြန်ကြားရေးဌာန ဒုတိယဦးစီးမှူး ပြည်နယ်ခွဲအစိုးရ၊ သတင်းရုံးခန်းဌာနမှူး လီဇုန်းမင် နှင့် မြန်မာ-တရုတ်ယဉ်ကျေးမှု ခရီးသွားလုပ်ငန်း တိုးမြှင့်ရေး အသင်းဥက္ကဋ္ဌ လျိုဝေတို့သည် တရုတ်-မြန်မာ ခရီးသွားထွက်ကုန် မိတ်ဆက်ခြင်း၊ ခရီးသွားပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်စေရေး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းကိုလည်းကောင်း LED ပေါ်တွင် လက်ရာတင်၍ စက်ခလုတ်နှိပ်ပြီး လုပ်ငန်းများစတင်၍ ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း ကြေညာသည်။

 

ယင်းနောက် တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်အခမ်းအနားကို တရုတ်နိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာနဝန်ကြီး ဇိန်းယန့်နှင့် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းတို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ် ပေးကြသည်။ 


ဖွင့်ပွဲအခမ်းအနား အပြီးတွင် ဧည့်သည်တော်များနှင့် အကြီးအကဲ များက ဟိုတယ်အတွင်း ခင်းကျင်း ပြသထားသည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ယွန်းထည်လက်မှုပညာ ပြခန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ မြန်မာနိုင်ငံဆိုင်ရာ သဘာဝရှုခင်းများ၊ ယဉ်ကျေးမှု၊ မြန်မာ-တရုတ် ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ ဓာတ်ပုံပြခန်းများ အပါအဝင် ယူနန်ပြည်နယ်မှ ထုတ်ကုန်များကို လှည့်လည်ကြည့်ရှုအားပေးကြပြီး သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ရုပ်သေးအကအဖွဲ့နှင့် ယူနန်ပြည်နယ်မှ ရုပ်သေးအကတို့ ယှဉ်တွဲဖျော်ဖြေမှုကို ကြည့်ရှု အားပေးခဲ့ကြသည်။

သတင်းစဉ်