နေပြည်တော် ဖေဖော်ဝါရီ ၅

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လမ်း၊ တံတားများ အဆင့်မြှင့်တင်တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင် တိုင်အမှတ်(၂၄၅/၇)ရှိ နဝင်းချောင်းတံတား(အဆုံ) လုပ်ငန်းခွင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက နဝင်းချောင်းတံတား(အဆုံ) တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ တံတား အသစ်ပေါ်မှ  ယာဉ်များယာယီဖြတ်သန်းခွင့်ပြု၍ တံတားဟောင်းနှင့် ချဉ်းကပ်လမ်းအဆင့်မြှင့်တင် ခြင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ရေတိုက်စားပျက်စီးသွားသည့် တံတားဟောင်း ကြံ့ခိုင်မှုရှိစေရန်နှင့် ထပ်မံရေတိုက်စားမှုမရှိစေရေး ပြန်လည်ပြုပြင်ရာတွင် ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် စနစ်တကျတွက်ချက်ဆောင်ရွက်ရန်၊ ရေလမ်းကြောင်းထိန်းသိမ်းခြင်း ဆောင်ရွက် နေသော ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ရန်တို့ကိုမှာကြားပြီး လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များကို  မှာကြားသည်။

နဝင်းချောင်းတံတား (အဆုံ) သည် အရှည်ပေ(၁၉၀)ရှိပြီး မူလ (၂)လမ်းသွားမှ (၄) လမ်းသွား တံတားအဖြစ် တိုးချဲ့တည်ဆောက်ထားပြီး တံတားဟောင်းကိုလည်း ကြံ့ခိုင်မှုရှိစေရန်နှင့် ထပ်မံ ရေတိုက်စားမှုမရှိစေရေး ကြိုတင်ကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တည် ဆောက်ရေးလုပ်ငန်းများ ပြီးစီးပါက အသွား၊ အပြန် ၄ လမ်းသွားတံတားအဖြစ် ခရီးသည် ယာဉ်များနှင့် ကုန်တင်ယာဉ်ကြီးများ  ပိုမိုလွယ်ကူချောမွေ့စွာ သွားလာနိုင်မည်ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကင်းသာလမ်းဆုံသို့ ရောက်ရှိပြီး ရေတိုက် စား၍ပျက်စီးခဲ့သည့် လမ်းအပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ လမ်းပုခုံးများနှင့် မြေထိန်းနံရံအနိမ့် (Toe Wall)များ ဆောင်ရွက်ပြီးစီးမှု၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေထုတ်မြောင်းများနှင့် ရေပြွန်များဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ ပုဗ္ဗသီရိမြို့ ပတ်လမ်းပေါ်ရှိ ဆင်သေချောင်းတံတား(သိုက်ချောင်း) တံတားရေလယ်တိုင် နိမ့်ကျမှုအပိုင်းကို ပြင်ဆင်ထိန်းသိမ်း ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို လည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း ယခင် ၄ လမ်းသွားအဆင့်မှ ၆ လမ်းသွားအဆင့် လမ်းတာ ဘောင်တိုးချဲ့ခြင်း ဆောင်ရွက်ပြီးစီးမှု၊ လမ်းဘေး ဝဲ၊ ယာ တွင် စိုက်ပျိုးထားသည့် သစ်ပင်များ ရှင်သန်ဖြစ်ထွန်းနေမှုနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားသည့်  အခြေအနေတို့ကို  လည်းကောင်း၊ မွန်းတည့်ခွင်-ကျည်တောင်-ခေါမ-ညောင်ပင်သာလမ်းပေါ်ရှိ ရေတိုက်စားပျက်စီးသွားသည့် ပေါင်းလောင်းတံတား(အဝေရာ)၏ ချဉ်းကပ်လမ်းများ ပြုပြင်ပြီးစီးမှုနှင့် တံတားကြံ့ခိုင်ရေး ထိန်းသိမ်းဆောင်ရွက်သည့် အခြေအနေတို့ကိုလည်းကောင်း လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရှိရသည်။

သတင်းစဉ်