နေပြည်တော် စက်တင်ဘာ ၂၉
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရုံးသစ်များဖွင့်လှစ်မှုနှင့်အတူ လိုအပ်ချက်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြဆောင်ရွက်ကြရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် က မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ယမန့်နေ့မွန်းလွဲပိုင်းက ဟိုပုံးမြို့၌ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးမှူးရုံး ဖွင့်လှစ်ထားရှိမှု နှင့် ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး စဉ် ယင်းသို့မှာကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးရုံးဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အတူ ဝန်ကြီးဌာန၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး မှူးရုံးအသစ် ဆောက်လုပ်မည့်မြေနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရုံးတည် ဆောက်ရေးလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်စံချိန် စံညွှန်း ပြည့်မီရေးအတွက် အလေးထားဆောင်ရွက်ကြရေး မှာကြားသည်။
ထို့မှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဟိုပုံးမြို့နယ်ဦးစီးမှူးရုံးသို့သွားရောက်၍ ရုံးလုပ်ငန်းဆောင်ရွက်နေမှုနှင့် မှတ်တမ်းခန်း၌ ကိုယ်ရေးဖိုင်များ စနစ်တကျထိန်း သိမ်းထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်ချက် များမေးမြန်း၍ နိုင်ငံတော်နှင့်ဌာနအပေါ် သစ္စာစောင့်သိရိုသေရေး၊ ဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်ကြရေး၊ ပြည်သူကို ထိရောက်သော ဝန်ဆောင်မှုပေး နိုင်ရေး နှင့် ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ကြရေး၊ လုံခြုံရေးသတိရှိရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းမှာကြား အားပေးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)